နေပြည်တော် ဇန်နဝါရီ ၁၁

နေပြည်တော် ပျဉ်းမနားမြို့ ကူးတို့ဆိပ်ကျေးရွာနှင့် ဇီးဖြူပင်ကျေးရွာ တောင်သူများ၏   ဆောင်းသီးနှံ မတ်ပဲ၊ နေကြာများ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့ ကူးတို့ဆိပ်ကျေးရွာရှိ  ဆောင်းသီးနှံ  မတ်ပဲစိုက်ခင်းသို့ ရောက်ရှိပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ကြည့်ရှုကာလိုအပ်သည့်သွင်းအားစုများကို နည်းစနစ်မှန်ကန်စွာဖြင့်  စနစ်တကျထည့်သွင်းရန် တောင်သူများကို မှာကြားသည်။

ထို့နောက် ဇီးဖြူပင်ကျေးရွာရှိ  တောင်သူများနှင့်အတူ ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ခင်းများအတွင်း ကြည့်ရှုပြီးဆောင်းသီးနှံနေကြာများ  အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းမြင့်မားစေရေးအတွက် ပိုးမွှားရောဂါကျရောက်မှု မဖြစ်ပွားစေရေးကို စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။          

မြို့နယ်(ပြန်/ဆက်)