နေပြည်တော် နိုဝင်ဘာ ၇
ပျဉ်းမနားမြို့နှင့် ရပ်စောက်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီ မိနစ် ၄၀ တွင် ပျဉ်းမနားမြို့ ဘောဂသီရိရပ်ကွက် ဘောဂသီရိကားဝင်းအတွင်း အိုက်ဆမ်နှင့် မစုစုထိုက်တို့အား မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၂,၀၀၀ နှင့် ဘိန်းဖြူ ၁ ဒသမ ၁ ကီလို တို့ကိုလည်းကောင်း၊ အလားတူ နိုဝင်ဘာ ၄ ရက် နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့ ဗထူးရပ်ကွက်တွင် အေးချမ်းမောင် မောင်းနှင်ပြီး မနန်းဆိုင်မွန်း လိုက်ပါလာသည့် TOYOTA HARRIER မော်တော်ယာဉ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၁၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်