ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ သက်သာ၍ ဆေးရုံဆင်းခွင့်ပြုသူ( ၃၇)ဦးနှင့် သေဆုံးသူ (၇) ဦးရှိ

ပန်းတနော်  ဇူလိုင်   ၁၄  

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ယာယီဆေးရုံတို့တွင် ဆေးကုသမှုခံယူလျက်ရှိရာ ဇူလိုင်လ ၁၃ရက်ထိ ရောဂါ သက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၃၇ ဦးနှင့် သေဆုံးသူ ၇ ဦးထိရှိလာကြောင်း သိရသည်။

ကိုဗစ်- ၁၉ ရောဂါသည် ကူးစက်သေဆုံးမှုမြန်ဆန်လျက်ရှိရာ ပန်းတနော်မြို့နယ်တွင် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၃ ရက် အထိ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း(၁၆၄)ဦးရှိပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်း ခွင့်ပြုသူ (၃၇)ဦးနှင့် သေဆုံးသူ (၇) ထိရှိကြောင်း သိရသည်။

သို့ပါ၍ မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးကြေညာခြင်း၊ မြို့နယ်အတွင်းရှိ စျေးများနှင့် လမ်းဆုံလမ်းခွ လူသွားလူလာများသည့် နေရာများတွင် Mask Campaign ပြုလုပ်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)