ပန်းတနော်မြို့နယ် ကလေးစာပေပွဲတော် အကြို ရင်တွင်းစကားသံများ

ပန်းတနော်    ၁၂   ဒီဇင်ဘာ     

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကလေးစာပေပွဲတော်ကို ဒီဇင်ဘလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကလေးစာပေပွဲတော်ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျှက်ရှိရာ ကလေးစာပေ ပွဲတော် ကျင်းပမှုနှင့် ပတ်သက်ည့် အကြို ရင်တွင်းစကားသံများကို အများပြည်သူ သိရှိပါဝင်ဆင်နွှဲနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

 

ဦးရဲမင်းအောင် (ပန်းတနော်မြို့နယ်အုပ်ချုပ်ရေးမှူး)

 

ပန်းတနော်မြို့နယ်မှာ ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မအူပင် ခရိုင်နှင့် ပန်းတနော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်။ ပန်းတနော် မြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့နင့် ၁၄ ရက်နေ့ထိ ၂ ရက် စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပြီး ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများ၏ လမ်းညွှန်မှုကို ခံယူကာ ဦးစီးကော်မတီ အစည်းအဝေးပြုလုပ်ပြီး ဆပ်ကော်မတီအလိုက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုလို တာဝန်ရှိသူတွေ နဲ့အတူ ပန်းတနော်မြို့နယ်ရှိ ပြည်သူများပူးပေါင်းကာ ဆောင်ရွက်တာဖြစ်တဲ့အတွက် ကလေးစာပေ ပွဲတော်ကြီး စည်ည်ကားကားနဲ့ ကျင်းပနိုင်မှာဖြစ်ပြီး ကလေးတွေအတွက် စာဖတ်တဲ့အလေ့အကျင့် ကောင်းတွေ ပူးပေါင်းဆောင်ရွက်မှုအလေ့အကျင့်ကောင်းတွေ ပိုမိုတိုးတက်လာပြီး အနာဂတ်မှာ စွမ်းရည်ထက်မြက်တဲ့ လူတော်လူကောင်းများ ပေါ်ထွန်းလာမယ်လို့ ယုံကြည်မိပါတယ်။

 

 

ဒေါ်ငွေဌေး (အ-ထ-က (၁)၊ ကျောင်းအုပ်ဆရာမကြီး)

 

ကျွန်မတို့ကျောင်းမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကလေးစာပေပွဲတော်ကို ကျင်းပမှာ ဖြစ်ပါတယ်။ ပန်းတနော်မြို့နယ်ကိုယ်စားပြု ကျင်းပမှာဖြစ်ပြီး ဧရာဝတီတိုင်း (၂၆) မြို့နယ်မှာ ပန်းတနောမြို့နယ် အနေဖြင့် (၁၀) မြို့နယ်မြောက် ကျင်းပမဲ့ ကလေးစာပေပွဲတော်ဖြစ်ပါတယ်။ ကလေးစာပေပွဲတော်ကရတဲ့ ရလဒ်တွေကတော့ ကလေးများ တစ်ဦးနဲ့တစ်ဦးချစ်ခင်ရင်းနှီးလာမယ်။ မိဘတွေပါ ပါဝင်လာတဲ့ဖြစ်တဲ့အတွက် ဆရာမိဘ၊ ကျောင်းသား၊ ကျောင်းသူများ လက်တွဲညီညီ ချစ်ခင်ရင်းနှီးစွာဖြင့် ပျော်ရွှင်စွာဆင်နွှဲကြမှာဖြစ်သောကြောင့် ကျွန်မတို့ကျောင်းအနေနဲ့ ဂုဏ်ယူစရာ ဖြစ်ပြီး ကလေးများအတွက်လည်း အနာဂတ်မှာ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာမယ်ဆိုတာ ယုံကြည်မိပါတယ်၊ ယခုလိုကလေးစာပေပွဲတော်ကျင်းပနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီက တာဝန် ရှိသူအားလုံးကို ပန်းတနော်မြို့ ပညာရေးဌာန ကျောင်းများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

 

14

 

မောင်ရှင်းမင်းထွန်း(ဒသမတန်း)

 

ကျွန်တော်တို့ကျောင်းမှာ ကလေးစာပေပွဲတော် ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် ကျောင်းသား တစ်ဦးအနေနဲ့ ကလေးစာပေပွဲတော်ကြီး ကျင်းပနိုင်ရေးကို ဆရာ၊ ဆရာမများ၏ လမ်းညွှန်ချက်အရ သူငယ်ချင်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခွင့်ရတာအလွန်ပဲဝမ်းသာရပါတယ်။ အခုဆိုရင် အကြိုပြင်ဆင်မှု အနေနဲ့ အခမ်းအနားပြင်ဆင်တဲ့ လုပ်ငန်းတွေ သန့်ရှင်းရေးလုပ်ငန်းတွေ ပြခန်းများ ပြသရေးအတွက် သက်ဆိုင်ရာပြခန်းတာဝန်ရှိသူနဲ့အတူ ပူးပေါင်း ဝိုင်းဝန်း ကူညီဆောင်ရွက် လျှက်ရှိပါတယ်။ အခုလိုကလေးစာပေပွဲတော်မှာ ကဏ္ဍစုံလင်ပြီး အသိပညာဗဟုသုတတွေ လေ့လာခွင့်ရတဲ့အတွက်လည်း အလွန်ပင်ကြည်နူးမိပါတယ်။

 

758

 

မယွန်းဝတီထွဋ် (နဝမတန်း)

 

သမီးအနေနဲ့ သမီတို့ကျောင်းမှာကျင်းပတဲ့ ကလေးစာပေပွဲတော်မှာ ဖွင့်ပွဲအခမ်းအနားတွင် ဖဲကြိုးဖြတ် နိုင်ရန် ပါဝင်ဆောင်ရွက်ရသလို အရုပ်ဆက်ကစားနည်း စက္ကူခေါက်ကစားနည်းနဲ့ ရှမ်းရိုးအကနဲ့လည်း ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ကလေးစာပေပွဲတော်ကြီး သမီးတို့ကျောင်းမှာ ကျင်းပခွင့်ရအောင် ကူညီဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူ အားလုံးကိုလည်း သမီးနဲ့အတူ ကျောင်းသား၊ ကျောင်းသားများက အထူးပင်ကျေးဇူးတင်ရှိပါတယ်။

2698

 

ဒေါ်ယဉ်မွန်ဆွေ (ကျောင်းသားမိဘ)

 

ပန်းတနော်မြို့နယ်မှာ ကလေးစာပေပွဲတော်ကျင်းပမှာ သိရတဲ့အတွက် ကလေးတွေအတွက် အလွန်ပဲ ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းပညာရပ်တွင်မက ကလေးတွေအတွက် ပြင်ပ အသိပညာ ဗဟုသုတတွေ ရရှိစေမဲ့ ပွဲတော်တစ်ခုဖြစ်မယ်လို ပြောချင်ပါတယ်၊ ကျွန်မကိုယ်တိုင် လည်း ကျောင်းကော်မတီဝင် တစ်ယောက်ဖြစ်ပြီး ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်လျှက် ရှိပါတယ်၊ ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပမှ လာရောက်လေ့လာမည့် မိဘပြည်သူများ လေ့လာနိုင်ရေးအတွက် ဒေသထွက်သင်ဖြူးဖျာနှင့် ကြိမ်ထည်လူသုံးကုန်များကိုလည်း ပြခန်းပြသနိုင်ရန်လည်း စီစဉ် ဆောင်ရွက်ထားပါတယ်။ ဒီပွဲတော်ကို လာရောက်သူတိုင်း စိတ်ကျေနပ်ပြီး ပျော်ရွှင်စရာကောင်းသော အကျိုးကျေးဇူးများ ရရှိမယ်လို့ ပြောကြားလိုပါသည်။

 

259

 

သံသာဝင်းမြင့် (သတ္တမတန်း(က)၊ အ-ထ-က (၁)

 

သမီးတို့ကျောင်းမှာ ကလေးစာပေပွဲတော် ကျင်းပမှာဖြစ်တဲ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီကလေးစာပေပွဲတော်မှာ သမီးနဲ့အတူ သူငယ်ချင်းတွေနဲ့ ပြခန်းတွေ လေ့လာပြီး ပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်လို့ အသိပညာဗဟုသုတရရှိစေတဲ့ ကလေးစာပေ ပွဲတော် တစ်ခုလို့ ထင်မှတ်မိပါတယ်။ ယခုလိုကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ နှောင်နှစ်တွေမှာလည်း လေ့လာစရာ မှတ်သားစရာတွေစုံလင်တဲ့ ကလေးစာပေပွဲတော်ကြီးကို ကျင်းပပေးစေလိုကြောင်း ပြောကြားလိုပါတယ်။

 

789120

 

စည်သူကျော် (သတ္တမတန်း(က)၊ အ-ထ-က (၁)

 

သားတို့ကျောင်းအတွက် ကလေးစာပေပွဲတော် လာရောက်ဆောင်ရွက်ပေးတဲ့အတွက် သားနဲ့အတူ သူငယ်ချင်းများ ပါဝင်ပျော်ရွှင်ခွင့်ရပြီး ဖျော်ဖြေရေး အကများ၊ တိုင်းရင်းသားအကတွေ ဒုံးယိမ်းအကတွေ အေရိုးပစ်အကတွေ မြန်မာ့ရိုးရာအကတွေ စုံလင်စွာဖြင့် ဖျော်ဖြကြမှာဖြစ်တဲ့အတွက် အလွန်ပဲပျော်စရာ ကောင်းပါတယ်။ ဒါ့အပြင် ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ပြခန်း၊ စာအုပ်ပြပွဲနှင့် စာအုပ်စာစောင် လေ့လာစရာတွေ ပျော်စရာကစားနည်းတွေမှာ ပါဝင်ဆင်နွှဲလို့ရမှာဖြစ်တဲ့အတွက် အသိပညာရရှိပြီး ပျော်စရာကောင်းတဲ့ ပွဲတော်ကြီး ဖြစ်တယ်လို့ ခံစားမိပါတယ်။

 

425254585211

 

အိသဇင်ဦး (သတ္တမတန်း(ခ)၊ အ-ထ-က (၁)

 

သမီးတို့ကျောင်းမှာ ဒီဇင်ဘာ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၂ ရက်တိုင်ကျင်းပမဲ့ ကလေးစာပေ ပွဲတော်ကြီးမှာ သမီးတို့အတွက် ပျော်ရွှင်စရာကောင်းသော ကစားနည်းတွေ ပါရှိမယ်လိုသိရပါတယ်။ ဒါ့အပြင် အားကစားပွဲတွေ ဆေးရောင်ခြယ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး လေ့လာစရာပြခန်းတွေမှာ လေ့လာခွင့်ရမယ်၊ အခြားကျောင်းတွေက ကလေးစာပေပွဲတော်ကို လာရောက်ပါဝင်ဆင်နွှဲမဲ့ သူငယ်ချင်း အသစ်တွေနဲ့ ရင်းနှီးခွင့် ရမှာဖြစ်လို့ အလွန်ပင်ပျော်ရွှင်ပြီး ကျင်းပခွင့်ရတဲ့ သမီးတို့ကျောင်းအတွက် လည်း ဂုဏ်ယူမိပါတယ်။

 

25

 

တွေ့ဆုံမေးမြန်း- အောင်ခိုင်(မအူပင်)၊ ဝဠာနိုင် (ညောင်တုန်း)

ဓာတ်ပုံ- အောင်မြင့်မြတ် (မအူပင်)၊ အေးချမ်းအောင် (ပန်းတနော်)