ပန်းတနော်မြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေ ငါးသိန်း ပေးအပ် လှူဒါန်း

ပန်းတနော်    ၂၀    ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက်၊ မြို့အဝင်လမ်းနေ ဦးဝင်းနိုင်နှင့်ဒေါ်ခင်ခင်စန်း တို့၏သား  ဒေါက်တာ နန္ဒထင်ဇော် (သစ်လွင် စက်ပစ္စည်းရောင်းဝယ်ရေးမိသားစု) တို့မှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေကျပ် ငါးသိန်းအား ယမန်နေ့ ညနေ ၅ နာရီက ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေများကို ပန်းတနော်မြို့နယ်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ( ၁ ) ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်မှ လက်ခံရယူခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူရှင်များမှ ပေးအပ်လှူဒါန်းမည့် အလှုငွေများကို လူမှုရေးအဖွဲ့အစည်းများနှင့်အတူ လက်ခံ၍  နိုင်ငံတော်အစိုးရထံသို့ ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)