ပန်းတနော်မြို့ မရမ်းကျေးရွာ၌ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်နေ့ အထိမ်းအမှတ်အဖြစ်  မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ

ပန်းတနော်  ၂၇  ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မရမ်းကျေးရွာ၌ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဇန်နဝါရီ ၂၆ ရက် ည ၈ နာရီက ကျင်းပခဲ့သည်။

 

4312

 

အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် သုံးချီစိန်ခေါ်ပွဲ နှစ်ပွဲ၊ လေးချီစိန်ခေါ်ပွဲ နှစ်ပွဲနှင့်ငါးချီစိန်ခေါ်ပွဲ လေးပွဲကျင်းပပြုလုပ်သည်။ 

သုံးချီစိန်ခေါ်ပွဲတွင် စောဖျံပေါက်(ထူးမေတ္တာထူး)နှင့် ဒေါ်နဆင်ရှိုင်း (တိုက်ဂါး)၊ ဒိုးလေး (တိုက်ဂါး)နှင့် စောစူမြှား(ထူးမေတ္တာထူး) တွဲဆိုင်းတို့ကလည်းကောင်း၊ လေးချီစိန်ခေါ်ပွဲတွင် အောင်ကျော်နိုင်(အဲကညော)နှင့် ချစ်စမ်းမောင်(သုံးပန်လှ)၊ ထက်လင်းဦး (တိုက်ဂါး)နှင့်ဘဂျမ်း(သုံးပန်းလှ)တွဲဆိုင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

ငါးချီစိန်ခေါ်ပွဲတွင် အောင်ဟိန်း(သုံးပန်လှ)နှင့် အောက်ချင်းသွေး(တောင်ဇလပ်)၊ ဇာမဏီသွေး (ဧရာသား)နှင့် အင်းသား(ခြင်္သေ့မင်း)၊ ဆလိုင်းချမ်းမြေ့ကို (အဲကညော)နှင့် သားဒိန်း(ဖိုးရာဇာ)၊ နိုင်ဝမ်း(ခြင်္သေ့မင်း)နှင့် ဆလိုင်းဟိန်းထက်(အဲကညော)တွဲဆိုင်းတို့ပါဝင်ပြီး ဒေသခံမျိုးဆက်သစ်များ၏ တွဲဆိုင်းများလည်း ပါဝင်ကြောင်း သိရသည်။

အေးချမ်းအောင်(ပန်းတနော်)