ပြည်တွင်းဝယ်ယူမှုအား များလာသည့်အတွက် ဈေးကွက်ပြန်လည်ဦးမော့လာခဲ့သည့် အစေ့ထုတ်ပြောင်း

ရန်ကုန် ၂၂ မတ်


ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းသွားခဲ့တဲ့ အစေ့ထုတ်ပြောင်းက ဒီတစ်ပတ်မှာတော့ ဈေးက ပြန်တက်လာပါတယ်။ နယ်စပ်ပြောင်းအရောင်းအဝယ် မရှိပေမယ့် ပြည်တွင်း ဝယ်ယူမှုအား အနည်းငယ်များလာတဲ့အတွက် ဈေးက တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်က ပြောင်းမှောင်ခို ဝယ်ယူမှုကို ရပ်တန့်ထားပေမယ့် မတ်လ နောက်ဆုံး အပတ်လောက်မှာ အရောင်းအဝယ် ပြန်ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိပါတယ်။ အစေ့ထုတ်ပြောင်းကို ပြည်တွင်းမှာ သုံးစွဲပေမယ့် ဈေးလျော့နည်းတဲ့အတွက် အများစုက တရုတ်ကိုသာ အဓိက ရောင်းချနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ လားရှိုးကုန်စည်ဒိုင်မှာတော့  ပြောင်းအရောင်းအဝယ် ရပ်ထားရတဲ့ အခြေအနေ ဖြစ်ပါတယ်။


မန္တလေးဈေးကွက်မှာ အသစ် တစ်အိတ်ကို ၄၀ဝ၀ ကျပ်လောက် ဈေးတက်လာခဲ့ပြီး တစ်အိတ်ကို ၂၂၀ဝ၀ ကနေ ၂၇၀ဝ၀ ပေါက်ဈေးရှိနေပါတယ်။


ဝတ်ရည်မွန်(AMIA)