ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး နှင့်တွေ့ဆုံ

နေပြည်တော် ၈ ဇန်နဝါရီ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒယ်နီရယ် ပထရစ် ဘရန်ဒန်ချဂ်နှင့် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် UK Aid အစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီးအတွင်း လေအားလျှပ်စစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာပြီးမြောက်မှုများ၊ မိုးလေဝသအချက်အလက်များ၊ တာဘိုင်များ သယ်ယူပို့ဆောင်နိုင်မှုများ၊ ဓာတ်အားလိုင်းသွယ်တန်းမှုနှင့် ESIA ​လေ့လာဆန်းစစ်ခြင်းဆိုင်ရာများ၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များ၊ လက်ရှိဓာတ်အားလိုင်းစနစ်များနှင့် ကိုက်ညီမှုရှိစေမည့် အဆင့်မြင့်နည်းပညာနှင့် ဒီဇိုင်းပုံစံများ၊ စီမံကိန်းအတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် UK အစိုးရအနေဖြင့် ပံ့ပိုးပေးနိုင်သည့် မြန်မာနိုင်ငံ၏ Green Finance အလားအလာနှင့် အခွင့်အရေးများ၊ Technical Assistantfor Capacity Building and PPA Negotiation နှင့် စံချိန်စံညွှန်းဆိုင်ရာ Training Program များ၊ UK တွင် ၂၀၂၀ ပြည့်နှစ်ကုန်၌ ကျင်းပမည့် ရာသီဥတု ပြောင်းလဲမှု တားဆီးနိုင်မည့် နိုင်ငံတကာညီလာခံအစီအစဉ်များ စသည်တို့ကို ဆွေးနွေးကြသည်။

 

သတင်းစဉ်