ရန်ကုန် ဇူလိုင် ၁၄
ကာတာနိုင်ငံ လက်ရှိဘုရင်၏ ဖခမည်းတော်နှင့် ဘုရင်ဟောင်း ဖြစ်သူ His Highness Sheikh Hamad bin Khalifa Al Thani သည် ဇူလိုင် ၁၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အစိုးရကိုယ်စား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့မွန်းလွဲပိုင်းက အင်းလျားမြိုင်လမ်း ရွှေတောင်ကြား (၁)ရပ်ကွက် ဗဟန်းမြို့နယ် ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် တက်ရောက် လက်မှတ်ရေးထိုးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး သည် ကာတာနိုင်ငံသံရုံးမှ သံရုံး ယာယီတာဝန်ခံနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမ၌ တွေ့ဆုံ နှုတ်ဆက်၍ ကာတာနိုင်ငံ လက်ရှိ ဘုရင်၏ ဖခမည်းတော်နှင့် ဘုရင် ဟောင်းဖြစ်သူ His Highness Sheikh Hamad bin Khalifa Al Thani ကွယ်လွန်သွားခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရကိုယ်စား ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကား ပြောကြားပြီး ဝမ်းနည်းကြောင်း မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ကာတာနိုင်ငံ လက်ရှိဘုရင်၏ ဖခမည်းတော်နှင့် ဘုရင်ဟောင်း ဖြစ်သူ His Highness Sheikh Hamad bin Khalifa Al Thani သည် ၁၉၉၅ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ ကာတာနိုင်ငံ၏ ဘုရင်အဖြစ် ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၄) နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


