ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ SITES-CENTER JSC ကုမ္ပဏီ၏ Deputy Chief Executive Officer Mr. Nikolaychuk Vsevolod နှင့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ  

 

နေပြည်တော် ဒီဇင်ဘာ ၁

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ SITES-CENTER JSC ကုမ္ပဏီ၏ Deputy Chief Executive Officer Mr. Nikolaychuk Vsevolod နှင့်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Solar စွမ်းအင်နှင့် အသေးစား ရေအားလျှပ်စစ်ဆိုင်ရာတို့ကို မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

mdn

 

တွေ့ဆုံပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်