ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Aadhaar Center ဒေသဆိုင်ရာရုံး၌ ပြည်သူများအား Aadhaar နံပါတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို ကြည့်ရှုလေ့လာ

နေပြည်တော် ဇူလိုင် ၂၇

 

အိန္ဒိယနိုင်ငံ၌ ရောက်ရှိနေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် နယူးဒေလီမြို့ရှိ Aadhaar Center ဒေသဆိုင်ရာရုံးသို့ သွားရောက်ရာ လုပ်ငန်းတာဝန်ခံက ဒေသတွင်းရှိ ပြည်သူများအား Aadhaar စနစ်ဖြင့် Enrolment ဆောင်ရွက်နေမှုနှင့် Update လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့်အဖွဲ့သည် ဒေသတွင်းပြည်သူများအား Aadhaar စနစ်လုပ်ငန်းစဉ်များအတိုင်း Aadhaar နံပါတ်ရရှိသည်အထိ လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေမှုနှင့် Aadhaar စနစ်ဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်မှုများကို ကြည်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းတာဝန်ခံက  ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းတာဝန်ခံအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်