နေပြည်တော် ဇန်နဝါရီ ၃၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ၊ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် ရုရှား - မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေး၊ ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ လာရောက်လုပ် ကိုင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကူညီဆောင်ရွက်သွားရေးနှင့် ကုန်သွယ်မှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်