ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဟောင်း အောက်လွှတ်တော်အမတ် Mr.Nakatani Gen နှင့် Mr.Hamada Yasukazu  တို့အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၈ ဇန်နဝါရီ 

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဟောင်း အောက်လွှတ်တော်အမတ် Mr.Nakatani Gen နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း အောက်လွှတ်တော်အမတ် Mr.Hamada Yasukazu  တို့ကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

9137

 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံမှ အကူအညီပေးအပ်နေသည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

သတင်းစဉ်