ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဥပဒေဆိုင်ရာစာတမ်းဖတ်ပွဲ (Law Symposium) အခမ်းအနား တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၂၅ ဖေဖော်ဝါရီ 

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများအား ဥပဒေဆိုင်ရာ ဗဟုသုတများ ရရှိနိုင်ရေးအတွက် ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲ (Law Symposium) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားသည်။ 

 

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနများအနေဖြင့် မိမိတို့ဝန်ကြီးဌာနများအလိုက် ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ (Legal Advisory Unit) များကို ပိုမိုအားကောင်းအောင် ဖွဲ့စည်းဆောင်ရွက်သွားရန် လမ်းညွှန်ထားပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေး၊ ကုန်သွယ်မှုဆိုင်ရာမူဝါဒများ လေ့လာဆန်းစစ်၍ အကြံပြုချက်များ တင်ပြနိုင်ရေးနှင့် ကုန်သွယ်ရေးမျှော်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်စွာအထောက်အကူပြုနိုင်မည့် ဥပဒေဆိုင်ရာအကြံပြုချက်များ ရရှိနိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာန၏ ဥပဒေဆိုင်ရာအကြံပြုအဖွဲ့ (Legal Advisory Unit) ကိုလည်း ဖွဲ့စည်းပေးထားပြီး ဥပဒေဆိုင်ရာအကြံပြုချက်များကိုလည်း ရယူဆောင်ရွက်လျှက်ရှိပါကြောင်း။

 

ဥပဒေဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး နားလည်တတ်ကျွမ်းသော ဥပဒေပညာရှင်များ၏ ဆွေးနွေးချက်များကို လေ့လာဆည်းပူးပြီး မိမိဝန်ကြီးဌာနမှ ကျင့်သုံးဆောင်ရွက်လျက်ရှိသော တည်ဆဲဥပဒေများကိုအခြေခံကာ ကုန်သွယ်မှု တိုးမြှင့်နိုင်ရန်နှင့် စီးပွားရေး ကျင့်ဝတ်လိုက်နာသော စီးပွားရေးဝန်းကျင်များ ဖြစ်ပေါ်လာနိုင်ရေးအတွက် ဥပဒေများကို ရေးဆွဲပြ ဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ အစားထိုးခြင်းများကို ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဥပဒေပညာရှင် ဦးကျော်ဆန်းက ဥပဒေဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

 

(သတင်းစဉ်)