နေပြည်တော် ၁၆ စက်တင်ဘာ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး  Mr. Lee Sang - hwa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်  ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

ေ

 

တွေ့ဆုံစဉ် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ  ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် နားလည်မှုစာချွှန်လွှာ(၂)စောင် လက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ အဆိုပါ နားလည် မှုစာချွန်လွှာများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊  နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုမြှင့်တင်သွားနိုင်ရေးတို့ကို ဆွေးနွေးကြသည်။   

(သတင်းစဉ်)