ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားဖက်ဒရေးရှင်းနိုင်ငံတက္ကသိုလ်များမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

 

နေပြည်တော် နိုဝင်ဘာ ၂၄

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ရုရှားအဆင့်မြင့် ပညာရေးကိုယ်စားလှယ်အဖွဲ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ The Alexander Gorchakov Public Diplomacy Fund နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့သော နှစ်နိုင်ငံအကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား ပညာရေး၊ ပညာအရည်အသွေးနှင့် ဘွဲ့ဒီဂရီများ အသိအမှတ်ပြုရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ နှစ်နိုင်ငံတက္ကသိုလ်များအကြား ပညာရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ သုတေသန ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာဘာသာ စကားသင် ဆရာ ဆရာမများနှင့် ရုရှားဘာသာစကားသင် ဆရာ ဆရာမများ အပြန်အလှန်စေလွှတ်ရေး၊ ရုရှားအစိုးရ ပညာတော်သင်ဆု (၂၀၂၃) အစီအစဉ်သို့ ဝင်ရောက်လျှောက်ထားသော မြန်မာတက္ကသိုလ် ဆရာ ဆရာမများကို ဦးစားပေးရွေးချယ်နိုင်ရေး၊ Naypyitaw State Academy ရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အရည်အသွေး ပူးပေါင်းမြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကာ မြန်မာနိုင်ငံတက္ကသိုလ်များက ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များထံမှ ပညာသင်ဆုရယူလိုသော ဦးစားပေးပညာရပ်နယ်ပယ်များနှင့် ဘွဲ့သင်တန်းများ အမည်စာရင်းကို ပေးအပ်ခဲ့သည်။

 

သတင်းစဉ်