mdn

နေပြည်တော် ၂၁ အောက်တိုဘာ

 

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ် (Hokkaido University) နှင့် တိုဟိုကိုတက္ကသိုလ် (Tohoko University) တို့မှ တည်ဆောက်ပြီးစီးခဲ့သည့် မြန်မာနိုင်ငံပိုင် အနိမ့်ပျံ အသေးစားဂြိုဟ်တု MMSATS-1 (မြန်မာအမည်လောကနတ်-”) ဂြိုဟ်တုကို အောင်မြင်စွာ တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် အာကာသအတွင်း လွှတ်တင်နိုင်ရန် ဟော့ကိုင်းဒိုးတက္ကသိုလ်မှ ဂျပန်အာကာသအေဂျင်စီသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် Online စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် ဟော့ကိုင်းဒိုးတက္ကသိုလ်မှ JAXA သို့ လွှဲပြောင်းပေးအပ်ကြောင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြပြီး ဟော့ကိုင်းဒိုးတက္ကသိုလ်မှ Professor Yukihiro Takahashi က မြန်မာအနိမ့်ပျံဂြိုဟ်တု MMSATS-1 (လောကနတ်-) တည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုကဲ့သို့ မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တုကို ပူးပေါင်းတည်ဆောက်ပေးခဲ့သည့်အတွက် ဟော့ကိုင်းဒိုးတက္ကသိုလ်နှင့် တိုဟိုကိုတက္ကသိုလ်မှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခက်အခဲအမျိုးမျိုးကြားမှ တည်ဆောက်ပြီးစီးခဲ့ပြီး လာမည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လွှတ်တင်ရန် စီစဉ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင်လည်း မြေပြင်အသေးစားဂြိုဟ်တု ထိန်းချုပ်ရေး စခန်း၊ အသေးစားဂြိုဟ်တု လက်တွေ့စမ်းသပ်ခန်းတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပထမအသုတ် ဆရာ၊ ဆရာမ ()ဦးနှင့် သင်တန်းသား ()ဦးအား ဂြိုဟ်တုတည်ဆောက်ခြင်း လက်တွေ့လုပ်ငန်းခွင် သင်တန်းနှင့် ဂြိုဟ်တုနည်းပညာနှင့် အာကသနည်းပညာ အသုံးပြုမှုများဆိုင်ရာ အွန်လိုင်းသင်တန်းများပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ ယခုတည်ဆောက်ပြီးစီးသော အနိမ့်ပျံ အသေးစားဂြိုဟ်တုအနေဖြင့် မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးဆိုင်ရာ၊ သစ်တောဆိုင်ရာ၊ မြို့ရွာစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ၊ ပင်လယ်ရေကြောင်းနှင့် သမုဒ္ဒရာပညာရပ်ဆိုင်ရာ၊ မြေဆီလွှာ၊ တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တုရှာဖွေခြင်းဆိုင်ရာ၊ မိုးလေဝသနှင့် ရေအရင်းအမြစ်ဆိုင်ရာနှင့် သဘာဝဘေး စီမံခန့်ခွဲခြင်းဆိုင်ရာ စသည့်နယ်ပယ်များအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ အာကာသနည်းပညာဆိုင်ရာ ကိစ္စရပ်များအတွက် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ဆက်လက်အားပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစား ဂြိုဟ်တုစီမံကိန်းသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ () နှစ်စီမံကိန်းဖြစ်၍ စီမံကိန်းတန်ဖိုးမှာ ဂျပန်ယန်း (သန်း ၁၆၈၀) ရှိပြီး၊ စီမံကိန်းတွင် ကီလိုဂရမ် (၅၀) အလေးချိန်ရှိ Micro-satellite ဂြိုဟ်တု () လုံး၊ မြေပြင်အသေးစား ဂြိုဟ်တုထိန်းချုပ်ရေးစခန်းနှင့် Micro-satellite ဂြိုဟ်တု တည်ဆောက်နိုင်မည့် ဂြိုဟ်တုလက်တွေ့တည်ဆောက် စမ်းသပ်ခန်းတို့အပြင် နည်းပညာ လွှဲပြောင်းပေးရေးအစီအစဉ်အရ သင်တန်းသား (၁၄)ဦး၊ လုပ်ငန်းခွင်လက်တွေ့သင်တန်းအဖြစ် ဆရာ/ဆရာမ()ဦးတို့အား လေ့ကျင့်ပေးမှုတို့ပါဝင်သည်။

 

ယခုလွှဲပြောင်းပေးသည့် MMSATS-1 (လောကနတ်-) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်မည်ဖြစ်ပြီး မတ်လတွင် ဂြိုဟ်ပတ်လမ်းအတွင်းသို့ ထည့်သွင်းမည်ဖြစ်သည်။ ဒုတိယ အနိမ့်ပျံအသေးစားဂြိုဟ်တု (လောကနတ်-) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

သတင်းစဉ်