ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်း မိုးညှင်းဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

မိုးညှင်း ၄ နိုဝင်ဘာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်း ဦးဆောင်၍ ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ပြုံးပြုံးအေး၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးမြင့်ဆန်း၊ မိုးညှင်းခရိုင် ဒုတိယတရားသူကြီး ဦးလှိုင်မျိုးအောင်၊ မြို့နယ်တရားသူကြီး ဦးဇော်လင်းထွန်းတို့ လိုက်ပါလျက် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေနှင့်အညီ မိုးညှင်းဗဟိုအကျဉ်းထောင်သို့ ယနေ့နံနက် (၈)နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ မိုးညှင်းဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိက အကျဉ်းထောင်ဧည့်ခန်းမတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားဦးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်မှုနှင့် သောက်သုံးရေရရှိမှု အခြေအနေများအား ပရိုဂျက်တာများဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက အကျဉ်းသားများအား ဥပဒေပါအခွင့်အရေးများ ရရှိခြင်းရှိမရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသနိုင်ပါရန် အခွင့်အရေးရရှိခြင်း ရှိ/မရှိတို့နှင့် စပ်လျဉ်း၍ မေးမြန်းကာ အကျဉ်းသားများ၏ အိပ်ဆောင်၊ နေရာထိုင်ခင်း၊ ကျန်းမာရေးဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)

 

DSC08928

 

DSC08950 1