နေပြည်တော် ဇူလိုင် ၁
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ဇမ္ဗူ့ကျက်သရေလမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကွန်တိန်နာအိမ်ရာဝင်းအတွင်း၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
စုပေါင်းစိုက်ပျိုး
ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ရတနာတန်းဝင် ကျွန်းပင် ၃၀၀ ကို တပျော်တပါး စုပေါင်းစိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


