ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ပျဉ်းမနားမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ကြေငြာထားမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ၈ ဩဂုတ်

 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုနယ်မြေ တာဝန်ခံ ဦးအောင်မြင့်သည် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၉ နာရီတွင်  ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်စာရင်းများ ကြေငြာထားမှုအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်၊ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား တွေ့ဆုံကာ မဲစာရင်းကြေငြာထားမှုနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို ဖြည့်စွက်မှာကြားသည်။

 

ဆက်လက်၍ ရွာကောက်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရန်အောင် (၁) ရပ်ကွက် ဓမ္မာရုံတို့တွင် မဲဆန္ဒရှင်စာရင်းများ ကြေငြာထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်