နေပြည်တော် ဧပြီ ၁၃

 

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ မဟာ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲကြရာ ပြည်ထဲရေးဝန်ကြီးဌာနမိသားစု မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရုံးအမှတ် (၃၈) ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျင်းပသည်။

 

ဖွင့်ပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူနှင့်ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်နှင့်ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တပ်ဖွဲ့/ ဦးစီးဌာနများမှ ယိမ်းအကအဖွဲ့များ စုံညီစွာ တက်ရောက်ကြသည်။

 

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်တို့က ပြည်ထဲရေးဝန်ကြီးဌာနမိသားစု မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး ဦးဆောင်သောအဖွဲ့က ယိမ်းအကအဖွဲ့များနှင့် တက်ရောက် လာကြသူများကို အတာသင်္ကြန်ရေဖြင့် ပက်ဖျန်းပေးပြီး တပ်ဖွဲ့/ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများ၊ မိသားစုဝင်များက မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အတာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်