ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် မေ ၂၈

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
  
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြို့မကျောင်းတိုက်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ခေမာသီဝံပရိယတ္တိ စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အစ္ဆရိယာရာမရှမ်း ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်၊ အင်းစိန်မြို့နယ်ရှိ မဟာမြိုင်ကျောင်းတိုက်နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ မဟာသုဝဏ္ဏကျောင်းတိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ခြေတော်ရာကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိသံဃာရာမကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှု(၂)မစိုးရိမ်ကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်ရှိ ငွေတောင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ဖရဲငွေတောင်ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ စွန်းလွန်း ဝိပဿနာရိပ်သာကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်