ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၂၇ 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ စက်ရုံကျောင်းတိုက်နှင့် ပခန်းကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ရွှေဟင်္သာတောရ ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ရိုးဂိုးကျောင်းဟောင်းကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေဘုန်းရိပ်ကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ပညာလင်္ကာရ မဏ္ဍိုင်ကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ ညောင်ရိပ်သာကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ အနန္တဂုဏ်ရည် ကျောင်းတိုက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းလဲကျောင်းတိုက် တို့သို့ ဆွမ်းဆန် တော်များကို လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဆေးဝင်္ဂဘာကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အာသောကာရာမကျောင်းတိုက်နှင့် ပြည်ကြီးတံခွန်မြို့နယ် ရှိ မြဘယက်သာမဏေကျော် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မဟာစည် သာသနာ့ရိပ် သာ ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဗောဓိရတနာကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ မဟာဝိဇိတာရာမကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်