ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ  ဆက်ကပ်လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၂၆

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဉာဏ ဂုဏ်ရည်ပရိယတ္တိစာသင်တိုက်စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ဇိနောဒယ ပရိယတ္တိ စာသင်တိုက်ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဓမ္မစေတီထေရဝါဒ ပရိယတ္တိ စာသင်တိုက်၊ ဒေါပုံမြို့နယ်ရှိ မင်းနန္ဒာပရိယတ္တိစာသင်တိုက်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ သာသနဟိတပရိယတ္တိစာသင်တိုက်နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ မဟာသုဝဏ္ဏကျောင်းတိုက်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းငမ်းကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ အာသောကာရုံပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်ကျောင်း တိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ဥဿာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ နန်းဦးကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ ရန်အောင်မြင် ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများ ကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)