ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စိုးစိုးကြည် ILO Liaison Office မှ တာဝန်ရှိသူ ဒေါ်စုစုငယ် အား လက်ခံတွေ့ဆုံ

နေပြည်တော်   ၂    ဒီဇင်ဘာ

 

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ  ဒေါက်တာဒေါ်ခင်စိုးစိုးကြည် သည် ILO Liaison Office မှ တာဝန်ရှိသူ ဒေါ်စုစုငယ် အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နိုင်ငံတကာသို့သွားရောက်၍ အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားများအား အပြည့်အဝ အကာအကွယ်ပေးနိုင်ရေးနှင့် ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွာလာမှုဆိုင်ရာစီမံချက်နှင့် စပ်လျဉ်းသည့် အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)