နေပြည်တော် ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၄)သို့ တက်ရောက်လျက်ရှိသည့် နိုင်ငံ့သားကောင်းပြည်သူ့ စစ်မှုထမ်းသင်တန်းသားများအား ယနေ့ မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများ၏ စားရိပ်သာ၊ အိပ်ဆောင်များ၊ သန့်စင်ခန်းများ၊ စာကြည့်တိုက်နှင့် ဆံသဆိုင်များအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်