(၁၉-၁-၂၀၂၁ ရက်၊ ဆိုးလ်)

COVID-19 ကူးစက်ရောဂါကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့်မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှတစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ၁၉-၁-၂၀၂၁ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း လိုင်းဖြင့် (၄၀) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။

အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၂၀ နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ (၇၃)ဦး၊ ဘရာဇီးလ်မှ (၁) ဦး၊ ဥရုဂွေးမှ (၂) ဦး၊ အီဂျစ်မှ (၃) ဦး၊ ဆွစ်ဇာလန်မှ (၁) ဦးနှင့် အမေရိကန်ပြည်ထောင်စုမှ (၇) ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၈၇) ဦး တို့ စီးနင်းလိုက်ပါသွားပါသည်။

အဆိုပါခရီးစဉ်၌ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည် များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Crd - Ministry of Foreign Affairs Myanmar