ပြည်ပပို့ကုန်ကဏ္ဍ တိုးမြှင့်တင်ပို့နိုင်ရေးအစည်းအဝေးကျင်းပ  ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်

နေပြည်တော်   ဇွန်   ၂

 

ပြည်ပပို့ကုန်ကဏ္ဍ တိုးမြှင့်တင်ပို့နိုင်ရေးအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန    အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ သက်ဆိုင်ရာ ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌနှင့် ပို့ကုန်လုပ်ငန်းရှင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

 

ကဏ္ဍအလိုက်ဆွေးနွေး

အစည်းအဝေးတွင် ပို့ကုန်လုပ်ငန်းများ တိုးတက်တင်ပို့နိုင်ရေး မြေပြင်အခြေအနေ၊ ကုန်စည်များ စိုက်ပျိုးမွေးမြူထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှု ပိုလျှံမှုအပေါ်တွင် ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် တရားမဝင် တင်ပို့မှုမရှိစေရေး၊ ကဏ္ဍအလိုက် ဆောင်ရွက်နိုင်မည့်     အစီအမံများကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး   ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်