ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမတံခွန်စိုက်ဖလားရ ရှမ်းပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်

တောင်ကြီး စက်တင်ဘာ ၁၂

 

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမတံခွန်စိုက်ဖလားရရှိခဲ့သော ရှမ်းပြည်နယ် ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြင့်ပွဲကို စက်တင်ဘာ ၁၁ ရက် ညပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တက်ရောက်ပြီး ဂုဏ်ပြုစကား ပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ် အမျိုးသမီးအသင်းက ပထမတံခွန်စိုက်ဖလားကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်အား ပေးအပ်ပြီး ပထမတံခွန်စိုက်ဖလားရရှိခဲ့သည့် အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၁၀၀ ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်တို့က ပေးအပ်သည်။

 

ထို့နောက် အလှူရှင်များက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ရာ တင်မြင့်ရီကုမ္ပဏီလိမိတက်၊ ချယ်ရီကွင်းကုမ္ပဏီလိမိတက်၊ လျှံထူးအောင် ကုမ္ပဏီလိမိတက်၊ ရှမ်းချယ်ရီတောင်တန်းကုမ္ပဏီလိမိတက်၊ Taunggyi Hotel၊ Royal Taunggyi Hotel၊ Golden Rose Star ကုမ္ပဏီလိမိတက်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရတနာသီရိအုပ်ချုပ်ရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

မောင်မောင်သန်း(တောင်ကြီး)