ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ လာရောက် ကျောင်းအပ်နှံ

ပြည် မေ ၂၃

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး ရက်သတ္တပတ်(ပထမနေ့) မေ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ကျောင်းအပ်နှံလျက်ရှိ‌သည်။

 

ကျောင်းအပ်နှံရာတွင်  KG တန်းမှ Grade-12 အထိ အတန်းစဉ်အလိုက် ကျောင်းအပ်လက်ခံလျက်ရှိပြီး  ကျောင်းသား ကျောင်းသူများအတွက် အတန်းအလိုက် ဘာသာစုံသင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ် တစ်ဒါဇင်စီအပါအဝင် ဘောပင်နှင့် ခဲတံများကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးအပ်ကြောင်းနှင့် ယင်းအပြင် Grade-1 မှ Grade-5 အထိ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကိုလည်း ထောက်ပံ့ပေးအပ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင်ထံမှ သိရသည်။

 

ကိုဆက်(ပြန်/ဆက်)