ပြည် ဇွန် ၄
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ဘိုင်အိုချာပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့တွင် ပေါင်းတမော့ကျေးရွာအုပ်စု လက်ခုပ်ပင်တောင်သူပညာပေးရှေ့တန်းစခန်း၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲခြင်းဖြင့် စိုက်ပျိုးစရိတ်ကို သိသိသာသာလျှော့ချပေးနိုင်ရုံသာမက မြေဆီလွှာပျက်စီးမှုကို ကာကွယ်ပေးပြီး သီးနှံများ အထွက်နှုန်းတိုးတက်စေနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်မြေအသုံးချတာဝန်ခံ ဒေါ်အေးအေးမင်းက သဘာဝမြေသြဇာ ဘိုင်အိုချာပြုလုပ်နည်း အဆင့်ဆင့်ကိုလည်းကောင်း၊ သဘာဝမြေသြဇာအသုံးပြုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို လည်းကောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


