ပြည် ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်မြို့ ရွှေကူရပ်ကွက် မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ပြည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အမှာစကား ပြောကြားသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ပြည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝဏ္ဏထွန်း(ပြန်/ဆက်)


