ပြင်ဦးလွင်၊ ၂၂ ဒီဇင်ဘာ
ပြင်ဦးလွင်မြို့နယ်တွင်းရှိ FacilityQuarantine Center များတွင် သတ်မှတ်အရေအတွက် ရောက်ရှိပြီဖြစ်သော ကြောင့် ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရန် အတွက် ယနေ့မွန်းလွဲ ၁၂ နာရီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ မြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီတို့ ပါဝင်သော အဖွဲ့မှ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ မြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဥက္ကဌ ဦးဇာနည်မောင်၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက်များ ဖြစ်ကြသော ရပ်ကွက်ကြီး ၁ မှ ၁၀ အတွင်းကိုဗစ်-၁၉ Positive လူနာ နှင့်ထိစပ်မိသူများအား Quarantine ထားရှိရန် Quarantine စင်တာကို ပြင်ဉီးလွင်ခရိုင် အားကစားကွင်းအတွင်း ပြင်ဆင်လျက်ရှိရာ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့အပြင် မြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် နယ်မြေ(၅) ခုမှ ရပ်ကွက် ၊ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် နယ်မြေ(၁) အတွက် ဝက်ဝံကျေးရွာ အထက်တန်းကျောင်း၊ နယ်မြေ(၂) ရွှေသင်းကျေးရွာအထကခွဲ၊ နယ်မြေ(၃) ရပ်ကွက်ကြီး(၁၇)ရှိ တောင်စလင်း ဘုန်းကြီးကျောင်း၊ နယ်မြေ(၄) ဆင်လမ်းကျေးရွာအထကကျောင်း ၊နယ်မြေ (၅) ရပ်ကွက်ကြီး(၂၁) အထက်တန်းကျောင်းများတွင် အသီးသီး ပြင်ဆင်လျက်ရှိရာ Quarantine Centerတစ်ခုလျှင် ပျမ်းမျှလူဦးရေ(၂၀၀)ခန့် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မြတ်ဆုမွန်


