ပြင်ဦးလွင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံ 

ပြင်ဦးလွင် မေ ၂၃

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ရည်ရွယ်၍   မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံး၌ မေ ၂၃ ရက် နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ကျောင်းအပ်လက်ခံရာတွင် အခြေခံပညာကျောင်းများ၌ KG တန်းမှ GRADE-12 အထိ သက်ဆိုင်ရာ အတန်းများ အလိုက် အတန်းပိုင် ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

 

ခရိုင်(ပြန်/ဆက်)