ပင်းတယမြို့ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများ ကိုဗစ်ကာလအတွင်း ဈေးကောင်းမရ၍ တောင်သူများအရှုံးပေါ်လျက်ရှိ

ပင်းတယ၊   ၇ ဇန်နဝါရီ 

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မြောက်ပိုင်း ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများ ကိုဗစ်ကာလအတွင်း ဈေးကောင်းမရ၍ တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း  သိရသည်။

 

အဆိုပါ ကြက်သွန်စိုက်ခင်းများကို ပင်းတယမြို့နယ် မိုင်းလီ၊ ကံသာ၊ ရှောက်ချို၊ မိုင်းအင်၊ လေထိုးကုန်း၊ လယ်ပြင် အစရှိသော ကျေးရွာစိုက်ခင်းများ၌ နှစ်စဉ် ဧကအများအပြား စိုက်ပျိုးကြပြီး ကျန်ကျေးရွာ အချို့၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ တစ်ဧကလျှင် ကြက်သွန်နီမျိုးစေ့ သုံးပိဿာခန့် စိုက်ပျိုးရပြီး တစ်ဧက ကုန်ကျစရိတ်မှာ ငွေကျပ် ၁၂ သိန်းခန့်ရှိကြောင်းနှင့် ခြံအငှားခတ်၍ စိုက်ပျိုးသူမှာ သိန်း ၂၀ ခန့် မတည် စိုက်ပျိုးရကြောင်း သိရသည်။

 

mdn

 

ကြက်သွန်နီဉမျိုးပင်များကို နှစ်စဉ်နိုဝင်ဘာလတွင် ထွန်ယက်စိုက်ပျိုးကြပြီး ဇွန်လတွင် တူးဖော် ရောင်းချကြကြောင်း ယခုနှစ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၄၀၀ မှ ၈၀၀ အထိ ရရှိခဲ့သော်လည်း ပေါများစွာ ထွက်ရှိချိန်၌ ကိုဗစ်ကာလ ကုန်စည်စီးဆင်းမှု နည်းပါးသဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀ ခန့်သာရရှိကြောင်း သိရသည်။ ကြက်သွန်နီများ ဈေးမရရှိခြင်း ဝယ်လက်မရှိ၍ ဆုံးရှုံးရခြင်းတို့ကြောင့် တောင်သူများအခက်တွေ့နေပြီး ယခုနှစ် စိုက်ပျိုးရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် အချိန်မီ စိုက်ပျိုးနိုင်ရန် ငွေကြေးများချေးငှား၍ ထပ်မံစိုက်ပျိုးနေရကြောင်းလည်း သိရသည်။

 

အောင်ကိုဦး(ပင်းတယ)

 

mdn