ပြင်သစ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ရာထူးအပြောင်းအလဲမတိုင်မီ နုတ်ထွက် 

၃ ဇူလိုင်

 

ပြင်သစ်သမ္မတ မာခရွန် က အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ရန် ပြင်ဆင်ချိန်မှာ ဝန်ကြီးချုပ် အီတဝါဒ် ဖီလိဖ်နဲ့ အစိုးရအဖွဲ့ ဟာ ဒီနေ့(သောကြာနေ့) မှာ ရာထူးမှနုတ်ထွက်ကြောင်း နှုတ်ထွက်စာတင်ခဲ့တာကို သမ္မတ မက်ခရွန် လက်ခံလိုက်ပါတယ်။ 

 

အီတဝါဒ် ဖီလိဖ် ဟာ ဝန်ကြီးချုပ်ရာထူးကို သုံးနှစ်တာဝန်ယူခဲ့ကြောင်း သိရပါတယ်။ သမ္မတ မာခရွန်က သူ့ရဲ့ ကျန်တဲ့ သမ္မတသက်တမ်း နှစ်နှစ်အတွက် အပြောင်းအလဲလုပ်ရန်  သန္နိဋ္ဌာန်ချပြီး ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ မြူနီစပယ်ရွေးကောက်ပွဲမှာ Greens ပါတီက အဓိကမြို့ကြီးတွေမှာ အနိုင်ရရှိသွားတဲ့ သမ္မတ မာခရွန်က အပြောင်းအလဲတွေ လုပ်သွားနိုင်တယ်လို့ ခန့်မှန်းချက်တွေကလည်း ရှိနေပါတယ်။ 

 

ကြာသပတေးနေ့ ညနေပိုင်းက ဒေသတွင်းမှာ ထုတ်ဝေတဲ့ သတင်းစာတွေမှာ မက်ခရွန်က ပြင်သစ်ပြည်သူတွေအနေနဲ့ စီးပွားရေးအကျပ်အတည်းအတွက် အခက်အခဲတွေ ရင်ဆိုင်ရမှာကို ပြင်ဆင်ထားရ မယ်။ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုတွေ ပြန်လည်တည်ဆောက်ပြီး ရင်ဆိုင်သွားဖို့ လိုအပ်ကြောင်း၊ အဲဒီအတွက် အဖွဲ့အသစ်လည်း ရှိလာမယ်လို့ ပြောပါတယ်။ 

 

ပဲရစ်မြို့ရှိ ပြင်သစ်သမ္မတ အိမ်တော်မှာ ပြုပြုင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပြီး အစိုးရအသစ်ရဲ့ အဖွဲ့ဝင်တွေကို မကြေညာသေးမယ့် လျာထားမှုက ပြီးသွားပြီလို့ သိရပါတယ်။ 

 

MDN
ကိုးကား - AFP