ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅၀၀ အထိ ရှိပေမယ့် တစ်ကျော့ပြန်ကူးစက်မှုလို့ မခေါ်နိုင်သေး

၂၀ ဇူလိုင်

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ၄၀၀ ကနေ ၅၀၀ အထိ တစ်စုတစ်ဝေးတည်း တွေ့ရှိပေမယ့် တစ်ကျော့ပြန်ကူးစက်မှုလို ပုံစံမျိုးမရှိကြောင်း ကျန်းမာရေးဝန်ကြီးက ဒီနေ့(တနင်္လာနေ့) မှာ ပြောကြားပါတယ်။

 

ရောဂါပိုးတွေ့ရှိသူ အများစုဟာ လူအိုရုံလို နေရာမျိုး၊ သားသတ်ရုံလို နေရာမျိုးနဲ့ နွေရက်အားတွင် မိသားစုပြန်လည်စုံတွေ့ကြတဲ့ နေရာမျိုးတွေမှာ ဖြစ်ကြောင်း ဝန်ကြီးက ဆက်ပြောပါတယ်။

 

ဝန်ကြီးက ရေဒီယို Franceinfo ကို ပြောကြားရာမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ ဒုတိယလှိုင်းနဲ့ အဝေးကြီးမှာ ရှိနေကြောင်း၊ လူအများရှိရာ နေရာတွေဖြစ်တဲ့ ဈေးဆိုင်တွေ၊ ဈေးတွေနဲ့ အဆောက်အအုံများမှာ မျက်နှာဖုံးဝတ်ကို ဝတ်ဆင်ရမှာဖြစ်ကြောင်း၊ လူတွေဟာ စိုးရိမ်လွန်ကဲစရာမလိုဘဲ ကိုယ့်ဘာသာ ကာကွယ်နေဖို့က အရေးကြီးကြောင်း ပြောကြားပါတယ်။

 

လူမြင်ကွင်းမှာ မျက်နှာဖုံးဝတ်ဆင်ခြင်း မရှိရင် ယူရို ၁၃၅ (အမေရိကန်ဒေါ်လာ ၁၅၅) ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပေမယ့် မိသားစုတွေ ပြန်တွေ့ချိန်ဖြစ်တဲ့အတွက် အခုချိန်မှာ ဒဏ်ကြေးမကောက်သေးကြောင်း ဝန်ကြီးက ပြောပါတယ်။

 

လာမယ့် အောက်တိုဘာလမှာ မျက်နှာဖုံးအရေအတွက် သန်း ၆၀ အထိ သိုလှောင်ထားဖို့ ရည်ရွယ်ထားကြောင်း၊ ပြီခဲ့တဲ့ ဗိုင်းရပ်စ်ပိုးစတင်ကူးစက်ချိန်မှာ မျက်နှာဖုံးအရည်အတွက်ဟာ ၃ ဒသမ ၅ သန်းသာရှိကြောင်း ဝန်ခံပြောပါတယ်။

 

ဉရောပမှာ ပြင်သစ်နိုင်ငံဟာလည်း ဗိုင်းရပ်စ်ပိုးဒဏ် အလူးအလဲခံခဲ့ရတဲ့ နိုင်ငံဖြစ်ရာ သေဆုံးသူ ၃၀,၁၅၀ ဦးရှိကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP