ပင်လောင်း၊   ၁၈   ဒီဇင်ဘာ

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ပြည်ထောင်စု ရန်ပုံငွေဖြင့် မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ရန် ပန္နက်ရိုက်ထူပေးခြင်းကို  ယနေ့နံနက် ၁၁ နာရီက မြို့နယ်အားကစားကွင်း အားကစားရုံ တည်ဆောက်မည့်မြေနေရာတွင် ပြုလုပ်ခဲ့သည်။

 

ပန္နက်စိုက်ထူရာတွင် ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနန္ဒအောင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူစန်းစန်းအေးနှင့် နည်းစနစ်မှူး၊ ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတို့က  မိုးလုံလေလုံ အားကစားရုံ တည်ဆောက်မည့်နေရာအား  ပန္နက်ရိုက်ထူပေးခဲ့ကြသည်။ အဆိုပါ မိုးလုံလေလုံ အားကစားရုံသည် အလျား ပေ ၁၂၀၊ အနံ ပေ ၉၀ ဖြစ်ပြီး အားကစားရုံအတွက် ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေကျပ် ၂၉၄ ဒသမ ၀၁ သန်းဖြင့် ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ခွန်အာကာစိုး (ပင်လောင်း)