ပါဠိတော်လာ သစ္စာလေးပါး မြတ်တရား မြန်မာ-အင်္ဂလိပ် အဘိဓာန်

ဒေါက်တာ ဦးဉာဏဝရ စီစဉ်ရေးသားသည့် ပါဠိတော်လာ သစ္စာလေးပါး မြတ်တရား မြန်မာ-အင်္ဂလိပ် အဘိဓာန်စာအုပ် ထွက်ရှိလာသည်။

သစ္စာလေးပါးမြတ်တရားသည်  ဗုဒ္ဓဘာသာတွင်  အရေးကြီးဆုံးသော ဒေသနာတော်ဖြစ်ဖွယ်ရှိပြီး ဤကျမ်းစာထဲတွင် သစ္စာ၏အဓိပ္ပာယ်နှင့် သရုပ်များကို ပါဠိကျမ်းတို့ လာရှိသည့်အတိုင်း ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။

ထိုမှတစ်ပါး ဒုက္ခ၊ သမုဒယ၊ နိယောဓနှင့် မဂ္ဂဟူသော သစ္စာလေးပါး အသီးသီးတို့၏ အဓိပ္ပာယ်သရုပ်နှင့် သက်ဆိုင်ရာများကို ပါဠိကျမ်းရင်းတို့မှလာရှိသည့်အတိုင်း စုံလင်တိကျစွာ ဖော်ပြထားသည်။ ယင်းတို့၏ အနက်ကို သိရှိနားလည်ပြီး ကျင့်ကြံကြလျက် သစ္စာတရားသိမြင်ခံစားနိုင်စေရန်ရည်ရွယ်၍ ရေးသားထားသည်။

ကြေးမုံ စာအုပ်စင်