ပခုက္ကူ ၁၆ စက်တင်ဘာ
ပခုက္ကူမြို့ အ.ထ.က(၂)ပိတောက်ခန်းမတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကာတွန်း၊ ပိုစတာ ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့နှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား/ကျောင်းသူများကို ဆုများကို ပေးအပ်ချီးမြှင့်ကာ ၁၉၈၇ ခုနှစ်က စတင်၍ အိုဇုန်းလွှာ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုဖိုင်ကို တက်ရောက်လာသူများအား ပြသသည်။
ထို့နောက် ပြိုင်ပွဲဆုရ ကာတွန်း၊ ပိုစတာများ ခင်းကျင်းပြသထားမှုကို တက်ရောက်လာသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက လှည့်လည်ကြည့်ရှု အားပေးကြသည်။
ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ပခုက္ကူခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတများ၊ ကမ္ဘာလုံးဆိုင်ရာထိန်းသိမ်း စောင့်ရှောက်ကာကွယ်နေမှုများကို ဗဟုသုတရရှိစေရန်၊ အသိပညာ တိုးပွားစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးလမင်းသန်းက ရှင်းပြသည်။
ကိုတမာ


