ပခုက္ကူ  ၁၆  အောက်တိုဘာ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပခုက္ကူမြို့နယ်၊ ညောင်ပင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိသုံးစွဲနိုင်စေရေးအတွက်  စက်ရေတွင်းတူးဖော်ရန် အောက်တိုဘာ ၁၅ရက် နံနက် ၁၁နာရီက ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကြသည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပခုက္ကူခရိုင် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေတို့က ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းရသည့် အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး  ညောင်ပင်လှကျေးရွာအုပ်စု၊ သရက်တောကျောင်းတိုက်ဆရာတော် ဦးနာယကထံ စက်ရေတွင်းတူးဖော်ရန် ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)ကို ပေးအပ်လှူဒါန်းကြသည်။

 

ပခုက္ကူမြို့နယ်၊ ညောင်ပင်လှကျေးရွာအုပ်စုတွင် ဥယျာဉ်မြောက်စု၊ ပုတီးတွင်းနှင့်မင်းနန်းတောကျေးရွာ စသည့် ကျေးရွာသုံးရွာပါဝင်ပြီး သောက်သုံးရေရှားပါးမှုအခက်အခဲဖြစ်ပေါ်နေသည့် အိမ်ခြေ (၃၂၅)အိမ်၊ အိမ်ထောင်စု(၃၂၅)စု၊ လူဦးရေ (၁၆၂၅)ဦးတို့အတွက် စက်ရေတွင်းတူးဖော်ရန် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)