ပခုက္ကူခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား (၅)မြို့နယ် ဘော်လီဘောပြိုင်ပွဲကျင်းပ

ပခုက္ကူ  ၂၇  မတ်

                       

၂၀၁၉ ခုနှစ်၊ ပခုက္ကူခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် (၅)မြို့နယ် အမျိုးသားဘော်လီဘောပြိုင်ပွဲကို ယနေ့ ညနေ ၃ နာရီက ပခုက္ကူခရိုင်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

111

 

ဘော်လီဘောပြိုင်ပွဲ ပထမနေ့ပွဲစဉ်အဖြစ် ပခုက္ကူမြို့နယ်အသင်းနှင့် ရေစကြိုမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပခုက္ကူမြို့ နယ်အသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။ အဆိုပါပြိုင်ပွဲသို့ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်အသင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး မတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဇော်(ဓာတု)