ပခုက္ကူဒေသတွင် ငရုပ်အထွက်ကောင်းပြီး ဈေးကောင်းရ

ပခုက္ကူ ၂၅ ဇန်နဝါရီ

 

ပခုက္ကူ-မြစ်ခြေ ကားလမ်းမဘေး ဝဲ/ယာတစ်လျှောက် ကျေးရွာများတွင် ငရုပ်သီးကို အဓိကထား စိုက်ပျိုးကြောင်း သိရသည်။

 

1

 

အညာဒေသ၏ အဓိကစိုက်ပျိုးထုတ်ကုန်ဖြစ်သော ငရုပ်ကို ပခုက္ကူ-မြစ်ခြေ ကားလမ်းဘေး ဝဲ/ယာတစ်လျှောက်ရှိ မှိုက်ပင်ကုန်း၊ မြို့ခင်းသာ၊ သရက်ပင်စု၊ နန်းတော်ရပ်၊ မြင်းဝန်း၊ ဘဲ၊ အောင်သာ၊ ကုလားချောင်း၊ ညောင်ပင်၊ ဉယျာဉ်၊ နံဂါတ်၊ ငကြော်ကျေးရွာနှင့် ဧရာဝတီမြစ်ဘေး ရေဝင်ရောက်ရာ မြေနုကျွန်းမြေများတွင် ဧကထောင်ချီ စိုက်ပျိုးကြကြောင်း ငရုပ်လုပ်ငန်းလုပ်ကိုင်သူ မြင်းဝန်းကျေးရွာနေ တောင်သူ ဦးတင်စိုးထံမှ သိရသည်။

 

52

 

ယခုနှစ်စိုက်ပျိုးရာသီ ငရုပ်တွေက အထွက်နှုန်း ပိဿာ (၃၀၀) ခန့်ရရှိပြီး ယမန်နှစ်ရာသီထက် အထွက်နှုန်းများကာ ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၅၀၀)ကျပ်ရရှိကြောင်း၊ ယမန်နှစ် ရာသီဈေးနှုန်းထက် ပိုမိုကောင်းမွန်သော ဈေးနှုန်းရရှိပြီး ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် အနယ်နယ်အရပ်ရပ်သို့လည်း တင်ပို့နေရကြောင်း၊  ယခုနှစ်ရာသီတွင် ပခုက္ကူတစ်နယ်လုံး ငရုပ်သီးထွက်နှုန်း ခန့်မှန်းပိဿာ (၈)သိန်းခွဲခန့်ရမည်ဟု ခန့်မှန်းကြောင်း ဦးတင်စိုးမှ ပြောသည်။

 

6

 

ကိုတမာ(ပြန်/ဆက်)