ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၁၈၇၄၉ ဦးရှိလာ

စက်တင်ဘာ ၁၇

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူ းစက်ခံရသူ ၂၉၂၈ ဦး ထပ်မံတွေ့ရှိရသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၂၁၈၇၄၉ ဦးအထိ မြင့်တက်လာသည်ဟု ဆိုသည်။

ဆင်းရှ်ပြည်နယ်တောင်ပိုင်းတွင် ရောဂါကူးစက်မှုအဆိုးရွားဆုံးဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၄၄၈၆၅၈ ဦးရှိသည်။

ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းတွင် ရောဂါကူးစက်ခံရသူ ၄၁၉၄၂၃ ဦး ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၂၇၀၇၂ ဦး ရှိပြီး ကိုဗစ်လူနာဦးရေ ၄၉၆၀ သည် အခြေအနေဆိုးရွားကြောင်း ထပ်လောင်းဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို