ပါကစ္စတန်နိုင်ငံတောင်ပိုင်းက HIV ပိုး ပျံ့နှံ့မှုဟာ လူတွေကို စိုးရိမ်စိတ်ကြီးမားစေ

၁၇ မေ

 

ပါကစ္စတန်နိင်ငံတောင်ပိုင်း ဆင်ဒါပြည်နယ်ရှိ ဝါစာယိုကျေးရွာမှာ ကလေးငယ် အများအစုပါဝင်တဲ့ လူ ၄၀ဝ ကျော်မှာ HIV ပိုးတွေ့ရတဲ့အတွက် မိဘတွေဟာ စိုးရိမ်စိတ်နဲ့အတူ ဒေါသတွေ ဖြစ်နေကြပါတယ်။  

 

mdn

 

ကလေးအများအပြားနဲ့အတူ မိဘတွေက HIV ပိုးစစ်ဆေးရန် စိုးရိမ်တကြီး စောင့်နေပါတယ်။ ရာချီတဲ့ ကလေးငယ်တွေဟာ မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကို အသုံးပြုတဲ့ ဆရာဝန်တစ်ယာက်ကြောင့် အခုဖြစ်ရတယ်လို့ ဆိုပါတယ်။ 

 

အခုလို HIV ပိုးပျံ့နှံ့တာဟာ ဒေသတွင်းက ဆရာဝန်တစ်ယောက်ရဲ့ ရည်ရွယ်ချက်ရှိရှိ ပေါ့ဆမှုကြောင့် ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက လည်း ပြောပါတယ်။ 

 

ဆရာဝန်ရဲ့ ယာယီတဲဆေးခန်းမှာ နေ့စဉ် လူပေါင်း ၁၀ ချီပြီး ဆေးလာရောက် ကုသခံပေမယ့် လိုအပ်တဲ့ ကိရိယာ မလုံလောက်ဘဲ ဆေးကုသပေးရာမှ အခုလိုရောဂါပိုး ကူးစက်ပျံ့နှံ့ကြောင်း သိရပါတယ်။ 

 

mdn

 

နီဆာအာမတ်က သူ့ရဲ့ တစ်နှစ်အရွယ်သမီးမှာ HIV ပိုးရှိကြောင်း လွန်ခဲ့တဲ့ ၃ ရက်က သိလိုက်တာ ဖြစ်တဲ့အတွက် အဲဒီဆရာဝန်ကို ကျိန်စာတိုက်ကြောင်း ကလေးတွေအားလုံးကို ဒီရောဂါဆိုး ဖြစ်စေတဲ့အတွက်လို့ ဒေါသတကြီး ပြောပါတယ်။ 

 

အီမာ ဇာဒီတစ်ယောက်ကလည်း သူမရဲ့ မြေးယောကျာ်းလေးတစ်ယောက်မှာ HIV ပိုးရှိကြောင်း သိပြီးတဲ့နောက်မှာ အခု နောက်ထပ်မြေး ၅ ယောက်ကို ဆေးစစ်ဖို့ရောက်ရှိနေပါတယ်။ 

 

mdn

 

၂၀၁၇ ခုနှစ်တစ်နှစ်တည်းမှာ HIV ပိုးတွေ့ရှိသူ အယောက် နှစ်သောင်း ရှိသဖြင့် ပါကစ္စတန်နိုင်ငံဟာ အာရှတိုက်မှာ HIV ပိုးရောဂါ ပျံ့နှံ့မှု ဒုတိယ အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

MDN
ကိုးကား-AFP