ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၃၂ ဦးရှိ

ဒီဇင်ဘာ ၇

 

ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ ၂၃၂ ဦး ရှိပြီး ရောဂါကူးစက်ခံရမှုကြောင့် ခုနစ်ဦး သေဆုံးခဲ့သည်ဟု ယနေ့တွင် သတင်းဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ယနေ့အထိ ရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၂၄၆၇၈၃ ဦးအပါအဝင် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၂၈၇၃၉၃ ဦးရှိကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။

 

နိုင်ငံအတွင်း ကျန်းမာရေးအခြေအနေစိုးရိမ်ရသူ ၈၁၃ ဦးအပါအဝင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၁၈၂၆ ဦးရှိသည်။

 

အဆိုပါ ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၈၇၈၄ ဦးအထိရှိလာသည်။

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းရှ်ပြည်နယ်တွင် ရောဂါကူးစက်ဖြစ်ပွားသူ ၄၇၆၉၅၈ ဦးရှိရာ ကူးစက်ဖြစ်ပွားမှုအများဆုံးဒေသဖြစ်သည်။ အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်တွင် ရောဂါကူးစက်ခံရသူဦးရေ ၄၄၃၅၆၀ ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို