ဇန်နဝါရီ ၁၅

ပါကစ္စတန်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ပိုလီယို WPV1 အမျိုးအစားဖြစ်ပွားသူ ၇၁ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးအင်စတီကျု (အင်န်အိုင်အိတ်ချ်) က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ် ဂျာကိုဘာဘတ်ခရိုင်မှယောကျ်ားလေးတစ်ဦးတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ပိုလီယိုလက္ခဏာများပထမဆုံးပေါ်ထွက်လာကြောင်းနှင့် ၇၁ ဦးမြောက် ပိုလီယိုရောဂါဖြစ်ပွားသူအဖြစ် ယမန်နေ့က အတည်ပြုခဲ့သည်။

အဆိုပါရောဂါဖြစ်ပွားသူများတွင် ဘာလိုချီစတန်ပြည်နယ်မှ ၂၇ ဦး၊ ခီဘာပါခ်ထန်ရှ်ဝါပြည်နယ်နှင့် ဆင်းဒ်ပြည်နယ်တို့မှ ၂၁ ဦးစီနှင့် ပန်ဂျပ်ပြည်နယ်နှင့် မြို့တော် အစ္စလာမာဘတ်တို့မှ တစ်ဦးစီတို့ပါဝင်သည်ဟု ထိုအင်စတီကျုကဆိုသည်။

၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း ပထမဆုံးအကြိမ် ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၃ ရက်မှ ၉ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုကာလအတွင်း အသက် ငါးနှစ်အောက်ကလေးများအားလုံးလာရောက်ကြရန် မိဘများအား အင်န်အိုင်အိတ်ချ်က တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို