အစ္စလာမ္မာဘတ် ဇူလိုင် ၁၉

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပါကစ္စတန်နိုင်ငံ၏ နည်းပညာတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံအထိ စံချိန်တင်ရရှိခဲ့ပြီး ယင်းပမာဏသည် ယမန်နှစ်ကထက် ၂၁ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ဇူလိုင် ၁၈ ရက်တွင် ပြောကြားသည်။

ပါကစ္စတန်နိုင်ငံ၌ ၂၀၂၆ ခုနှစ် ဇွန်လအတွင်း နည်းပညာတင်ပို့မှု စုစုပေါင်းမှာ ဒေါ်လာ ၄၁၆ သန်း ရှိခဲ့ပြီး ယခင်လထက် ၁၂ ရာခိုင်နှုန်း၊ ယမန်နှစ်  အလားတူကာလနှင့် နှိုင်းယှဉ်ပါက  ၂၃  ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတိုးတက်မှုသည် ပါကစ္စတန်နိုင်ငံ၏ သတင်းအချက်အလက်နည်းပညာ၊ ဆော့ဖ်ဝဲလ်တီထွင်မှုနှင့် သတင်းအချက် အလက်နည်းပညာအခြေပြု ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့်ဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ