ဒီဇင်ဘာ ၁၁
ပါကစ္စတန်နိုင်ငံအနောက်တောင်ဘက် ဘာလိုချီစတန်ပြည်နယ် Zhob ခရိုင်ရှိ စစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်သမား ၁၅ ဦးသေဆုံးကြောင်း ပါကစ္စတန်တပ်မတော်က ယမန်နေ့ကပြောကြားသည်။
ပါကစ္စတန်တပ်မတော်၏မီဒီယာအဖွဲ့ဖြစ်သည့် အိုင်အက်စ်ပီအာက Zhob ခရိုင် ဆမ်ဘာဇါဒေသတွင် ယမန်နေ့က ထောက်လှမ်းရေးအခြေပြု စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါစစ်ဆင်ရေးအတွင်း အကြမ်းဖက်သမား ၁၅ ဦးသေဆုံးပြီး လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကိုပါသိမ်းဆည်းရမိခဲ့သည်ဟုဖော်ပြထားသည်။ စစ်ဆင်ရေးအတွင်း တပ်မတော်သားတစ်ဦးလည်းသေဆုံးခဲ့သည်ဟု သိရသည်။
ယင်းဒေသရှိအခြားသောအကြမ်းဖက်သမားများအားရှင်းလင်းရန် နယ်မြေရှင်းလင်းစစ်ဆင်ရေး စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း အိုင်အက်စ်ပီအာက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို