ပိုင်ကျုံမြို့တွင် ဝဥအထွက်နည်းသလို ဈေးလည်းကျဆင်းနေ

ပိုင်ကျုံ   နိုဝင်ဘာ   ၉

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာတွင် ဝဥကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာမှာ ယခုနှစ်တွင် အထွက်နည်းသည့်အပြင် ဈေးနှုန်းလည်းကျဆင်းနေကြောင်း ဝဥကုန်သည်များထံမှ သိရသည်။

 

ဝဥကုန်သည်များအနေဖြင့် ဒေါနတောင်ခြေရှိ ကျေးရွာများမှ ဝဥအစို တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဝယ်ယူပြီး ဝဥအစိုများကို ခွဲ၊ခြား၊စိတ်ပြီး အခြောက်ပြုလုပ်ကာ ဝဥအခြောက် တစ်ပိဿာကို (၇၅၀၀)ကျပ်နှုန်းဖြင့်သာ ပြန်လည်ရောင်းချရပြီး ယမန်နှစ်က ဝဥအစို တစ်ပိဿာကို (၁၅၀၀)ကျပ်ဖြင့် ဝယ်ယူပြီး ဝဥအခြောက် တစ်ပိဿာကို(၁၁၈၀၀)ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချနိုင်ခဲ့ပါကြောင်း ယခုနှစ်မှာ ယမန်နှစ်ထက် ဝဥအထွက်နည်းသလို ဈေးလည်း ကျဆင်းနေကြောင်း ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာရှိ ပွဲရုံပိုင်ရှင် ဒေါ်ပျိုထံမှ သိရသည်။

 

ဝဥများကို ပိုင်ကျုံမြို့မှတစ်ဆင့် ဘားအံ၊ မော်လမြိုင်၊ မန္တလေး၊ မူဆည်၊ ရွှေလီမြို့ရှိ ပွဲရုံများသို့ တင်ပို့ပြီး ထိုမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလေ့ ရှိသည်။ ယခုလက်ရှိကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပွဲရုံများသို့ တင်ပို့ခြင်းကို ခေတ္တရပ်နားထားကြောင်း ဒေါ်ပျိုက ပြောသည်။

 

ပိုင်ကျုံ (ပြန်/ဆက်)